ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြားမှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) က ပြောဆိုလိုက်ပါတယ်။
မြဝတီမြို့နယ်၊ ဖလူးနဲ့ ဝေါလေ ဒေသမှာ ဒီလ ၁ ရက်နေ့ကစပြီး အာဏာသိမ်းတပ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တွေနဲ့ KNDO၊ မြဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက်အ ဖွဲ့၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ (KNLA/PC)၊ BGF ခွဲထွက်အဖွဲ့တွေ အကြားမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။
အဲဒီဒေသကို အာဏာသိမ်းတပ်ဘက်က အင်အားတွေ ထပ်ဖြည့်လာတဲ့ အတွက် တိုက်ပွဲတွေ ဆက်ပြီး အရှိန်မြင့်လာနိုင်တယ်လို့ KNDO ဘက်ကပြောဆိုတာဖြစ်ပါတယ်။
တချိန်တည်းမှာဘဲ အရင်ရက်တွေက ဖြစ်ပွားထားတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ အပါအဝင် ဘေးလွတ်ရာကို အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ကရင် ငြိမ်း ချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) ရဲ့ ပြောရေးဆို ခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။
အင်တာဗျူး/တည်းဖြတ် – ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitryCoup
————————-
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်