စာသင်ကျောင်းခန်းထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကို စစ်ကောင်စီ တပ်တွေက သေနတ်ပေးကိုင်တာ၊ ပစ်ခတ်နည်းတွေကို သင်ကြားပေးနေတယ်လို့ ယူဆရတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့လာတာကြောင့် အများပြည်သူအကြား ဝေဖန်မှု တွေ မြင့်တက်ခဲ့ပါတယ်။
စာသင်ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ချွန်ထက်စေတဲ့ အရာတွေကိုပင် ကိုင်ဆောင်ထိတွေ့ခွင့် ပေးမထားပါဘူး။ အခုလို စစ်ကောင်စီတပ်တွေရဲ့ လုပ်ဆောင်ပုံဟာ သင်ကြားရေး စည်းမျဉ်းတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကျောင်းဆရာ၊ ဆရာမတွေက ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံရဲ့ အနာဂတ် ကလေးတွေရဲ့ ပတ်ဝန်းကျင် ကျောင်း ဝန်းအတွင်းမှာ ရှိနေတာကြောင့် ကလေးတွေရဲ့ လုံခြုံရေးအတွက် ပိုမိုစိုးရိမ်မိတယ်လို့ ကျောင်းသားမိ ဘတွေက ပြောပါတယ်။
#WhatHappenInMyanmar
#RejectMilitryCoup