မွန်ညီညွတ်ရေးပါတီ (MUP) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စာလှယ်လောင်း မိဝေသီဖြိုးကို ဇွန်လ ၈ ရက်နေ့၊ ညနေ ၆ နာရီခွဲခန့်က ဘုရားသုံးဆူမြို့၊ ရွာသစ်ကျေးရွာ ၎င်းရဲ့ နေအိမ်အ နီးမှာ အမည်မသိ သေနတ်သမား တဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။
မိဝေသီဖြိုးဟာ ရွာသစ်ကျေးရွာမှာ မိဘတွေနဲ့ အတူ နေထိုင်နေတာဖြစ်ပြီး၊ လုံခြုံရေးအရ ဘုရားသုံးဆူ မြို့ရှိ ဖခင်ဖြစ်သူ ဘုန်းကြီးဝတ်နေတဲ့ ဘုန်းကြီးကျောင်းမှာ သွားရောက်အိပ်စက်ဖို့ နေအိမ်မှ ထွက်ခွာလာစဉ် မိနစ် ပိုင်းအတွင်းမှာ လုပ်ကြံ ခံခဲ့ရတာ ဖြစ်တယ်လို့ မိဝေသီဖြိုးရဲ့ မိခင်ဖြစ်သူ ဒေါ်လေးငယ်က ပြောပါတယ်။
မိဝေသီဖြိုး လုပ်ကြံမခံရခင် မေလ အတွင်းက ရွာသစ်ကျေးရွာရှိ သူမရဲ့ နေအိမ်အနီးရှိ နေအိမ်အား မီးကွင်းဖြင့်ပစ်ကာ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သလို၊ ဧပြီလ အတွင်းကလည်း စစ်ကောင်စီက ခန့်အပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူးရဲ့ နေအိမ်ကိုလည်း သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တရားလွှတ်တော်ရှေ့နေ တဦးဖြစ်တဲ့ မိဝေသီဖြိုးသည် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ညီညွတ် ရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၄) နယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
အင်တာဗျူး/တည်းဖြတ် – ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitryCoup
————————-
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်