စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ အနောက်ဘက် ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဒဏ်ရာ ရရှိလို့ ပုန်းအောင်းနေတဲ့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် လမ်းသွားလမ်းလာ အရပ် သားတွေကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက တပ်မ ၉၉ နဲ့ တပ်မ ၄၄ တို့မှ အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ အင်အား ၃၀ ခန့်ရှိတဲ့ ကျေးရွာကာကွယ်ရေးတပ်တွေ ဒီပဲယင်းမြို့ အနောက်ဘက် ဆပ်ပြာကျင်းကျေးရွာ အနီးမှာ တိုက်ပွဲ ၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲမှာ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးခန့်သာ သေဆုံးခဲ့ပေမယ့် စစ်ကောင်စီက ဖမ်း ဆီးရမိခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကို ဖုန်းဖြင့် လိမ်လည်ခေါ်ခိုင်းကာ ထောင်ေချာက်ဆင် သတ်ဖြတ်မှုကြောင့် ၁၀ ဦးခန့် ထပ်မံသေဆုံးခဲ့တယ်လို့ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ တပ်တွေဟာ ဒဏ်ရာရရှိနေတဲ့အတွက် တံတားအောက်မှာ ပုန်းအောင်းနေသူ ၆ ဦးကိုလည်း ဓားနဲ့ ထိုးသတ်ခဲ့တဲ့အပြင် လမ်းသွားလမ်းလာ အရပ်သားတွေကိုလည်း ပတ်ခတ်သတ်ဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂ ရက် နံနက်ပိုင်း ၊ နေ့လည်ပိုင်းနဲ့ ညပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ စစ်ကောင်စီ တပ် တွေက RPG အပါအဝင် စစ်မြေပြင်သုံး ခြေမှုန်းရေး လက်နက်တွေကို အသုံးပြုပြီး ကျေးရွာတွေထဲကို ချိန်ရွယ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် အထိအခိုက် အကျအဆုံး ရှိခဲ့ပေမယ့် အရေအတွက်ကို အတိအကျ မ သိရှိရဘူးလို့ အဆိုပါ ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ကောက်ယူခဲ့ရာမှာ ဇူလိုင်လ ၅ ရက်နေ့ထိ ၃၁ လောင်း ရရှိထားပြီး၊ ယမန်နေ့ကတော့ အလောင်းကောက်ယူသူတွေကို စစ်ကောင်စီက ပစ်ခတ်မှုကြောင့် ၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျန်ရှိနေသေးတဲ့ အလောင်းတွေကို မကောက်ယူနိုင်သေးပေ မယ့် အရပ်သားတွေ အပါအဝင် ကျေးရွာကာကွယ်ရေး တပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးနိုင်တယ်လို့ ဒေသခံ တွေက ခန့်မှန်းကြပါတယ်။
လက်ရှိမှာ ဒီပဲယင်းမြို့ အနောက်ဘက် ကျေးရွာပေါင်း ၁၁ ရွာကျော်က ပြည်သူ တသောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စစ်ကောင်စီတပ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကို တောထဲထိ လိုက်လံပစ်ခတ် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup