အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသူ ကုလသမဂ္ဂ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ဩ ဂုတ်လ ၃ ရက်နေ့က ခြိမ်းခြောက်ခံခဲ့ရတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန် ရဲတပ်ဖွဲ့နဲ့ အမေရိကန် ပြည် ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က လုံခြုံရေး ရယူပေးထားရပါတယ်။
ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ လှုပ်ရှားမှုဘက်က ရပ်တည်တဲ့ ပထမ ဦးဆုံး သံတမန်ဖြစ်ပြီး၊ လာမယ့် စက်တင်ဘာလ ၁၄ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေ ထွေညီလာခံမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို မြန်မာနိုင်ငံ ကိုယ်စားပြု အစိုးရအဖြစ် အသိအမှတ် ပြုရဖို့ ကြိုးပမ်းရာမှာ အရေးပါသူ တယောက်လည်း ဖြစ်ပါတယ်။
လတ်တလောမှာ ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေး အခြေအနေ အပါအဝင် မြန်မာ့အရေး အာဆီယံ အထူးကိုယ်စာ လှယ် ခန့်အပ်မှုအပေါ် သူရဲ့ အမြင်သဘောထားတွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။