စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မဟာမိတ်အဖြစ် ဖွဲ့ စည်းပြီး၊ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းရရှိပါတယ်။
ချောင်းဦး၊ မြင်းခြံ၊ ပခုက္ကူ၊ ရေစကြို၊ အရာတော်၊ မော်လိုက်၊ ရွှေဘို၊ ဒီပဲယင်း၊ မြင်းမူ၊ မြိုင်၊ စစ်ကိုင်း၊ ပု လဲ၊ မြောင် စတဲ့ မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ ဟာ မဟာမိတ် အနေနဲ့ စက်တင်ဘာ လ ၅ ရက်နေ့က ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။