မြန်မာနိုင်ငံ ကိုယ်စားပြုသူ မပါတဲ့ (၃၈) ကြိမ်နဲ့ (၃၉ ) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အွန်လိုင်းကတဆင့် ဦးဆောင်ပြီး အောက်တိုဘာ ၂၆ ရက် (ယနေ့) မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ အကြံပေး ဂျိတ်(ခ်) ဆူလီဗန်နဲ့ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီက တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ အကြံပေးနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ တွေ့ဆုံဆွေးနွေးမှု အပါအဝင် NUG ရဲ့ နိုင်ငံတကာ သံတမန် မျက်နှာစာမှာ ချိတ်ဆက်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်လို့ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဧရာ၀တီက ဆက်သွယ် မေးမြန်းထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup