အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက NLD အစိုးရ အဖွဲ့ဝင် တာဝန်ရှိသူတွေနဲ့ ပြည်သူတချို့ရဲ့ နေအိမ်တွေကို ချိပ်ပိတ်ပြီး၊ အဖိုးတန် ပစ္စည်းတွေကို သိမ်းဆည်းယူဆောင်နေတာဟာ ဥပဒေအရ တရားမဝင်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ (NUG)ရဲ့ ဒုတိယသမ္မတ ဒူးဝါးလရှီးလ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ နေအိမ်တွေနဲ့ ပစ္စည်းတွေကို သိမ်းယူခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်နဲ့ စီးပွားရေး လုပ်ငန်းတချို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ နိုင်ငံတော်ဘဏ္ဍာအဖြစ် ချိပ်ပိတ်သိမ်းယူတယ်ဆိုပြီး လုပ်ဆောင်မှုတွေ ရှိနေသလို မိသားစုဝင်တွေကိုလည်း စောင့်ကြည့်ထောက်လှမ်းတာတွေ၊ ဓားစာခံဖမ်းဆီးတာတွေကို မကြာခဏ ပြုလုပ်လျက်ရှိနေပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup