စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် အစပ်မှာ အာဏာသိမ်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆိုတို့မှာ အခြေစိုက် လှုပ်ရှားနေကြတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ရဲ့ စစ်ဆင်ရေးကို ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။