၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့တာ တစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနေ့မှာတော့ မဲပေးခွင့်ရရှိသူ ၃၈ သန်းရှိတဲ့အထဲက ၂၇ သန်းက မဲပေးခဲ့ကြပါတယ်။
ကိုဗစ်ကာလမှာ မဲဆန္ဒရှင်တွေဟာ မဲရုံတွေကို မကြောက်မရွံ့လာပြီး မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲပေးမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရာခိုင်နှုန်းပြည့်လုနီးပါး အနိုင်ရခဲ့ပြီး၊ အခြားသော တိုင်းရင်းသား ပါတီတွေကလည်း အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်ကတော့ မဲသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်အားကိုးပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာ သိမ်းယူခဲ့ပါတယ်။
မဲဆန္ဒရှင် ပြည်သူတွေဟာ သူတို့ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်၊ မျှော်လင့်ချက်တွေကို ဆန္ဒမဲအသွင်ပြောင်းလဲခဲ့ပေမယ့် နောက်ဆုံးရလဒ်ကတော့ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းမှုကို ခံခဲ့ရတယ်လို့ ဆန္ဒမဲ ပေးခဲ့သူတွေက ဆိုပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup