အာဏာသိမ်း စစ်ကောင်စီက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို နိုဝင်ဘာ ၉ ရက်နေ့က သတိပေးစာ တစောင်ပေးပို့ခဲ့ပါတယ်။
အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ဒီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက် အပေါ်မှာ မကျေနပ်တဲ့ အတွက် စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီးမင်းနောင်က လက်မှတ်ရေးထိုးပြီး သတိပေးစာ ပေးပို့လာတာ ဖြစ်ပါတယ်။
PPST ရဲ့ နိုဝင်ဘာ ၅ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်နယ် ထန်တလန်ကိစ္စ အပါအဝင် စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီဒေသတို့မှာ စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်တွေ၊ ဘာသာရေး အ ဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနဲ့ ကျူး လွန်သူတွေကို ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ပါရှိပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီထုတ်က PPST အဖြစ်မှန်ကို တိတိကျကျမသိဘဲ အထောက်အထားမဲ့ ရေး သားဖော်ပြနေတဲ့ social media ပေါ်က သတင်းတွေ ဖတ်ရှုပြီး တပ်မတော်အပေါ် တဖက်သတ် စွပ်စွဲနေတာဖြစ်ကြောင်း၊ ဒီလို စွပ်စွဲတာဟာ NCA စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်ကျူး လွန်တာဖြစ်ပြီး ပြန်လည်ဖြေရှင်းဖို့ လိုတယ်လို့ စစ်ကောင်စီရဲ့သတိပေးစာမှာ ဖော်ပြထားတာ ဖြစ်ပါ တယ်။