အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ နယ်စပ် ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ကို အာဏာသိမ်း စစ်ကောင်စီက ရာထူးကနေ ဖယ်ရှားလိုက် ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရှိသူ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းက ရာထူးကနေ ဖယ်ရှားခဲ့ပါသေးတယ်။