အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ယခုရက်ပိုင်း အတွင်းမှာ ဆိုင်ကယ်စီးသူ အချို့ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ကစလို့ ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့က မြို့ နယ်တွေမှာ ဆိုင်ကယ်တစီးကို လူတဦးသာ စီးနင်းဖို့ အပါအဝင် အမျိုးသား ၂ ဦး အတူမစီးဖို့၊ အမျိုးသမီး တဦးနောက်မှာ အမျိုးသားတဦး လိုက်ပါစီးနင်းတာမျိုး မလုပ်ဖို့ဆိုတဲ့ ကန့်သတ်ချက်တွေပါတဲ့ ဒေသန္တရအ မိန့်တွေကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး ရုံးတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွေအရ ဆိုင်ကယ်မှာ လူ ၂ ယောက်စီးရင် အနောက်မှာထိုင်သူဟာ အမျိုးသား မဖြစ်ရဘူး လို့ ရေးသားထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup