ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ လေးကေ့ကော် ငြိမ်းချမ်းရေး ကျေးရွာသစ်ကို စစ်ဆင် ရေးတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်တွေနဲ့ ကရင်လက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
လက်ရှိမှာ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်၊ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင်နဲ့ တပ်မဟာ (၆) ဒူပလာယာခရိုင်၊ လေးကေ့ကော် ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
လေးကေ့ကော် တိုက်ပွဲအရှိန်ဟာ မြ၀တီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ထိ ကူးစက်နေပြီ ဖြစ်ပါတယ်။