အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ပေါ်မှာ ဓာတ်ပုံထွက်ရိုက်တဲ့ ဓာတ်ပုံဆရာ ၂ ဦး အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ဓာတ်ပုံဆရာ ကိုစိုးနိုင်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောရေးမှာဘဲ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဖမ်းဆီးပြီး ၄ ရက်အကြာမှာဘဲ သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး တဲ့နေ့ကစပြီး သတင်းမီဒီယာတွေကို ရန်သူသဖွယ် ပစ်မှတ်ထားနှိပ်ကွပ်ခဲ့ပြီး မြေပြင်သတင်းတွေကို ထိထိမိမိ ရေးသားဖော်ထုတ်ကြတဲ့ သတင်းတိုက်တွေကို ပိတ်တာ၊ လိုက်လံဖမ်းဆီးတာ၊ မတရားပုဒ်မတွေနဲ့ တရားစွဲတာ အပြင် အကြမ်းဖက် သတ်ဖြတ်မှုတွေကိုပါလုပ်ဆောင်ခဲ့ပါတယ်။