မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများထိုး၍ ရွာများကို စီးနင်းဝင်ရောက်ခြင်း၊ ဒေသခံများအား ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိ ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဇန်နဝါရီလ ၁၀ ရက်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ထိ စစ်ကြောင်း ၅ ကြောင်းခွဲကာ စစ်ကောင်စီတပ်က စီးနင်းနေခြင်းခြင်းဖြစ်ပြီး စစ်ကြောင်း ၁ ကြောင်းတွင် အင်အား ၁၀၀ ဝန်းကျင် ပါရှိကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
လက်ရှိအချိန်တွင် မြိုင်မြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မြိုင်မြို့နယ်ထဲက ကျေးရွအများစုတွင် ဒေသကာကွယ်ရေးတပ်တွေများရှိနေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီက ယခုလို ဖိနှိပ် စစ်ကြောင်းထိုးခြင်းဖြစ်သည်ဟု မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး၏ ဦးဆောင်သူက ဆိုသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup