စစ်တပ်က အာဏာမသိမ်းမီ အစောပိုင်း ကာလတွေက စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ရွှေ၊ ကျောက် မျက်တူးဖော်ရေးလုပ်ငန်း အပါအဝင် ကုန်ရောင်းကုန်ဝယ် လုပ်ငန်းတွေနဲ့ အဆင်ပြေ ငြိမ်းချမ်းခဲ့တဲ့ စစ် ကိုင်းတိုင်းဟာ ၂၀၂၁ ခုနှစ် ဧပြီလကစလို့ စစ်တလင်းမြေ အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။
နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကြောင်းတွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရတာ၊ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေက စစ်ကောင်စီကို အကြီးအကျယ် အရှက်ရစေခဲ့ပါတယ်။
ဘာမဆို လုပ်ရဲတယ်ဆိုတဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေဟာ လက်နက်ကိုင် ခုခံရေးသမားတွေနဲ့ အရပ်သား ပြည်သူကို ခွဲခြားမှု မပြုလုပ်တော့ပဲ PDF ရှိတယ်လို့ ယူဆတဲ့ စစ်ကိုင်းတိုင်းက ကျေးရွာတွေကို လက်နက်ကြီး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ စစ်သင်္ဘောတွေထိပါ အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup