အာဏာသိမ်း စစ်ကောင်စီဟာ လူထုက ပြည်လုံးကျွတ် အသံတိတ်သပိတ်ဆင်နွှဲမှာကို ထိတ်လန့်နေပြီး အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ ကွမ်းယာဆိုင်က အစ စတိုးဆိုင်၊ စားသောက်ဆိုင်ကြီးတွေအထိ ဖွင့်လှစ်ရောင်းကြရန် ဖိအားပေးလက်မှတ်ထိုးခိုင်းနေပါတယ်။
တကယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်ပိတ်ခဲ့မယ်ဆိုရင် ဆိုင်ပိတ်သိမ်းတဲ့ အထိ အရေးယူမယ်လို့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေပေါ်က ဆိုင်တွေကို ခြိမ်းခြောက် ထားတာဖြစ်ပါတယ်။
ဆိုင်ရှင်တွေကတော့ ခြိမ်းခြောက်မှုတွေကြောင့် ဆိုင်တွေကို ဟန်ပြဖွင့်လှစ်ထားမှာဖြစ်ပေမယ့် ပြည်သူတွေဘက်က လာရောက် မဝယ်ခြင်းဖြင့် သပိတ်မှာပူးပေါင်းပါဝင်ကြဖို့ ပြောဆိုနေကြပါတယ်။