စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းရွာမှာ သတ်ဖြတ်မီးရှို့ခံထားရဲ့ အလောင်း ၂၀ ကျော်ရှိနေပြီး ပျောက်ဆုံးနေဆဲ ရွာသားတွေလဲ ရှိနေတယ်လို့ မြင်းမူ PDF တွေက ပြောပါတယ်။ ဒါဟာ မြင်းမူမြို့နယ်မှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျေးရွာကို ဝင်စီးပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့တာပါ။ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုသမီးကြီးတွေနဲ့ အဓမ္မပြုကျင့်ခံထားရတဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ရုပ်အလောင်းလဲပါတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
မြင်းမူမြို့နယ်က ဘဒတ္ထိုင်းကျေးရွာ၊ အရာတော်မြို့နယ်က ကန်ရင်းနဲ့မလဲသာ အနီးနားက ကျေးရွာ ၅ ရွာလောက်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြ ရပြီး အခုချိန်ထိ ကျေးရွာတွေထဲကို ပြန်လည် ဝင်ရောက် နေထိုင်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။