အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမူကြောင့်မြန်မာနိုင်ငံမှာ
လူဦးရေ တသန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေအရ နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ဖွယ် ရှိပါတယ်။
အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ဆိုက်ကားသမားကနေ ပါမောက္ခအဆင့်အထိ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး
လူ့စွမ်းအားအရင်းအမြစ် ထိခိုက်ခဲ့ပါတယ်။ အာဏာသိမ်းမှုအပြီးနောက်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေထဲကို နယ်စပ်ကတဆင့် နေ့စဉ် ရာနဲ့ချီ တရားမဝင်လမ်းကြောင်းကနေ ဝင်နေကြသလို နေ့တိုင်းနီးပါး ဖမ်းဆီးခံနေကြရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီကို ဧရာဝတီကဆက်သွယ်မေးမြန်းထားပါတယ်။