လက်ရှိအာဏာသိမ်းထားတဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမှသာ တန်းတူညီမျှမှုရမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကပြုလုပ်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားမှာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။
NUG အစိုးရက ကျင်းပတဲ့ အဲဒီအခမ်းအနားကို အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပြီး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကိုယ်တိုင်လည်း မိန့်ခွန်းပေးပို့ခဲ့ပါတယ်။
အခမ်းအနားမှာ အဖွင့် အမှာစကားပြောကြားခဲ့တဲ့ NUG အစိုးရ ယာယီသမ္မတ ဒူးဝါးလရှီလကလည်း ငြိမ်းချမ်းပြီးတရားမျှတတဲ့ လူ့အဖွဲ့အစည်းတခု ပေါ်ပေါက်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားပါတယ်။
NUG အစိုးရက ကျင်းပတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် အခမ်းအနားကို
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူ နိုင်ငံပေါင်း ၂၄ နိုင်ငံက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပြီးနိုင်ငံ ၃ နိုင်ငံက NUG ထံ သဝဏ်လွှာများ ပေးပို့ခဲ့ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup