ကရင်နီပြည် (ကယား) ဒီးမော့ဆိုမြို့နယ်က နန်းမယ်ခုံကျေးရွာကို စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရေးအရ နောက်ဆုတ်ပေးလိုက်ရပြီး တိုက်ပွဲက ဆက်လက် ပြင်းထန်နေတယ်လို့ KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ သေဆုံးထိခိုက်မှု စာရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မနေ့ညနေ ၆ နာရီလောက်ကလဲ ဒီးမော့ဆို မြို့နယ် ဒေါကမီး၊ ဆီးလီဒုန်းနဲ့ စည်းလင်း ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးလာရောက်ကြဲခဲ့ပြီး အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ထိခိုက်ဒါဏ်ရာရရှိသူတွေနဲ့ ပျောက်ဆုံးနေသူတွေရှိနေတယ်လို့ ဒီးမော့ဆို PDF ထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ၈ ရက်တာ တိုက်ပွဲအတွင်း PDF တွေဖက်က ၂၀ ကျော်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီဖက်ကတော့ ၁၀၀ ကျော် ကျဆုံးမှုရှိတယ်လို့ ထုတ်ပြန်ပါတယ်။