စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာမှု ကုန်ဈေးနှုန်း မြင့်တက်လာမှုနဲ့ စားနပ်ရိက္ခာ မဖူလုံမှုတွေ မြန်မာနိုင်ငံ နေရာအနှံ့မှာ ဖြစ်ပေါ်လာနေပါတယ်။
အထူးသဖြင့် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့က လူငယ်တွေဟာ အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင် ခုခံတွန်းလှန် နေရသလို၊ ယခင်က မိရိုးဖလာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်လာတဲ့ ပြည်သူတွေဟာလည်း စစ်ဘေးရှောင်နေရတဲ့အတွက် စိုက် ဧကတွေ လျော့ကျလာသလို၊ အလုပ်လက်မဲ့နှုန်းတွေလည်း မြင့်တက်လာနေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း စိုက်ပျိုးထားတဲ့ သီးနှံတွေကို စစ်ပွဲတွေကြောင့် မရိတ်သိမ်းတာ၊ မရောင်းချနိုင်တာ၊ သယ်ယူပို့ဆောင် စရိတ်တွေ ကြီးမြင့်လာတာကြောင့် စားနပ်ရိက္ခာ အလွယ်တကူ ဝယ်ယူလို့ မရတာ အပါအဝင် စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာ မဖူလုံမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup