စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် ယင်းမာပင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့- YMB PDF ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့အတွင်း ယင်းမာပင်မြို့နယ် ဇီး တောမြောက်ရွာ၊ လာပို့၊ ချင်းပုန်းနဲ့ မင်းကင်းမြို့နယ်တို့က ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) ၂၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း PDF ၆၃ ဖွဲ့က စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
အဲ့ဒီဖမ်းဆီး သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ စစ်ရေးဆိုင်ရာ ပြစ်မှုစုံစမ်းရေး ဗဟိုကော်မရှင်က ဒုဝန်ကြီး နိုင်ကောင်းရွက်နဲ့ အတွင်းဝန် ဦးအောင်ထူးနိုင်တို့ ပါဝင်တဲ့ စုံခုံအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ယင်းမာပင်ဒေသ ကာကွယ်ရေးတပ်ဖွဲ့- YMB PDF ခေါင်းဆောင် သပြေအေးဆရာတော်(ခေါ်) ဗိုလ်သံ မဏိကတော့ NUG ဦးဆောင်တဲ့ စုံခုံစစ်ဆေးမှုကို ခံယူသွားမယ်လို့ ပြောကြားထားပါတယ်။