ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါ်လေမြို့နယ်ခွဲက မောခီးကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၃၂) တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) က မတ်လ ၂၁ ရက်နေ့ မနေ့ညနေ ၅ နာရီက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ပါတယ်။
စစ်ကောင်စီတပ်သား တဦးသေဆုံးပြီး တဦးကိုအရှင်ဖမ်းမိကာ ၂၆ ဦးက ထွက်ပြေးသွားခဲ့တယ်လို့ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ဧရာဝတီကို အတည်ပြု ပြောပါတယ်။
သိမ်းဆည်းရမိတဲ့စာရင်းတွေကတော့ RPG ဗုံးသီး ၁၀၀ ကျော်၊ ၆၀ မမ ဗုံးသီး အများအပြား၊ မောင်းချိုးကျည်ဆံ သေတ္တာ လိုက်ရခဲ့ပြီး လက်နက်တွေအနေနဲ့ MA 1 တလက်၊ MA 3 တလက် ၊ MA 7 တလက်၊ မောင်းချိုး တလက် အားလုံး လက်နက် လေးလက် ရရှိခဲ့တယ်လို့ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup