ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စစ်ဆင်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ ထူးထူးချွန်ချွန် လုပ် ဆောင်ခဲ့တဲ့ မှတ်တမ်းတွေ မရှိပေမယ့်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ချီးမြှင့်မြောက်စားမှုနဲ့ အချိန်တို အတွင်း ရာထူးအဆင့်ဆင့် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
သူဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဓာတ်ပုံကို ခေါင်းရင်းမှာ ထားအိပ်ပြီး၊ ဘုရားကဲ့သို့ ကိုးကွယ်ခဲ့သူ ဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်တပ်က အာဏာသိမ်းတဲ့ ညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ကို သွားရောက်ဖမ်းဆီးတဲ့ အဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။