ပြည်သူ့တော်လှန်ရေးသပိတ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ တေဇာဆန်းသည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဓိကအဖွဲ့ဝင်တဦး အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသူဖြစ်သည်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများပါဝင်သည့် NUCC သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို မူဝါဒ အကြံပြုချက်များပေးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ချနိုင်ရေး ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စု၏အလိုရှိဆုံးသူများထဲမှ တဦးဖြစ်သူ ဒေါက်တာ တေဇာဆန်းသည် လပေါင်းများစွာ စစ်အုပ်စု၏လိုက်လံရှာဖွေဖမ်းဆီးမှုများကို တိမ်းရှောင်ရင်းနှင့်ပင် အာဏာရှင်စနစ် ကျဆုံးရေး ဆက်လက်ပါဝင်စည်းရုံးဆောင်ရွက်လျက်ရှိသည်။
သပိတ်ခေါင်းဆောင်တဦးလည်းဖြစ်သည့် ဆရာဝန် ဒေါက်တာ တေဇာစန်းသည် တော်လှန်ရေး အောင်နိုင်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ၏အရေးပါမှုနှင့် လူမှုပြစ်ဒဏ်ခတ်ခြင်း (social punishment) နှင့် သပိတ်မှောက်ဆန့်ကျင်ခြင်း (boycott) စသည့် လူထုတိုက်ပွဲနည်းနာများကို စဉ်ဆက်မဆက် ဆက်လက်လုပ်ဆောင်ရန်
အရေးကြီးမှုတို့ကို ဧရာဝတီနှင့် မေးမြန်းမှုတွင် ရှင်းပြထားသည်။