ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ သူတို့ကို သရော်မယ့် သင်္ကြန် သံချပ်တွေကို မုန်းတီးကြပါတယ်။ ဝေဖန်ထောက်ပြမှုတွေမခံနိုင်တဲ့ အာဏာရှင်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ သံချပ်ထိုးသူတွေကို အာဏာသုံးပြီးဖမ်းဆီးထောင်ချတာတွေ ခေတ်အဆက်ဆက်ကြုံံခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ လက်ရှိအခြေအနေမှာတော့ သံချပ်ထိုးသူတွေအတွက် အန္တရာယ် ကြီးမားလာပါတယ်။ ဒါ့အပြင် သံချပ်အဖွဲ့တွေဟာ အကျဉ်းထောင်တွေထဲမှာနဲ့ တောတွင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်တွေအဖြစ် ရောက်ရှိနေကြရပါတယ်။
ဒါပေမယ့် အာဏာရှင်ကို တော်လှန်တဲ့ သံချပ်တွေ မြေပြင်မှာ ရုတ်တရက် ပေါ်ထွက်လာနိုင်သလို ဒေါင်းတို့ မျိုးဆက်လို သံချပ်အဖွဲ့ ကတော့ ရတဲ့နည်းနဲ့ ပြည်သူတွေဆီကို သံချပ်တွေအရောက်ပို့ဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။