မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကို ကားနဲ့ဝင်တိုက်ပြီး ဖမ်းတာ ဧပြီလ ၁၅ ရက်နေ့မှာ တနှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေကို ၂၀၁၂ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် ကနေ ၂၀၁၅ အထိ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို၊ စစ်အစိုးရ အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က မုံရွာမြို့မှာ ဆဲဗင်းဂျူလိုင် အခမ်းအနား ဦးဆောင်ကျင်းပမှုကြောင့် ပုဒ်မ ၂ ခုနဲ့ အရေးယူခံခဲ့ရဖူးသူ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ပြည်သူပေါင်း ၁,၇၀၀ကျော် သေဆုံးခဲ့ပြီး၊ ပြည်သူပေါင်း ၁၃,၀၀၀ ကျော်ဟာ ဖမ်းဆီးအကျဉ်းချခံထားရပါတယ်။ ဖမ်းဆီးထား သူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၉) ဦးဟာ သေဒဏ်ချမှတ်ခံထားရ ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup