စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေ အပါအဝင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့ ဒေသတွေက အဓိက လမ်းမကြီးတွေနဲ့ လူနေရပ်ကွက် အတွင်းထဲထိပါ မြေမြှုပ်မိုင်း ထောင်တာတွေကို လုပ်ဆောင်လာတယ်လို့ ကရင်နီ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ နှစ်ကာလ အတန်ကြာတဲ့အထိ သဘာ၀အလျောက် မပျက်ဆီး နိုင်တဲ့ မြေမြှုပ်မိုင်းတွေကို အသုံးပြုနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းချိန်ကနေ လက်ရှိချိန်ထိ စစ်ကောင်စီ ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကရင်နီ ဒေသခံ အရပ်သားပြည်သူ အနည်းဆုံး ၂၀ ကျော်ထိ သေဆုံးခဲ့သလို ခြေ၊ လက်အင်္ဂါ ဖြတ်ပစ်ရတဲ့ အရပ်သား တွေလည်း အများအပြား ရှိလာပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup