စစ်ကောင်စီက စက်သုံးဆီကို ဧပြီလ ၂၀ ရက်နေ့ကစပြီး လိုသလောက်ရောင်းချပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့မှာတော့ တန်းစီပြီးကန့်သတ်ချက်နဲ့ဝယ်ယူနေရတုန်းပဲလို့ စက်သုံးဆီဝယ်ယူသူတွေကပြောပါတယ်။
ကားတွေတန်းစီဝယ်ယူနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့စက်သုံးဆီလုပ်ငန်းရှင်တွေ ဧပြီလ ၁၉ ရက်နေ့က အရေးပေါ်အစည်အဝေးပြုလုပ်ခဲ့ပါတယ်။ ဒေါ်လာလှဲလှယ်နူန်း ၁၈၅၀ကျပ်ကို အခြေခံကာ စက်သုံးဆီရောင်းချဖို့ပြောဆိုခဲ့တဲ့အတွက် စက်သုံးဆီစျေးနူန်းပြင်ဆင်ပြီးရောင်းချပေးနေတယ်လို့ စက်သုံးဆီရောင်းချဖြန့်ဖြူးရေးအသင်းအတွင်းရေးမှူးကပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့ မှာ ရန်ကုန်နှင့် မန္တလေးမြို့ကစက်သုံးဆီရောင်းချတဲ့ဆိုင်ကြီးတွေမှာ 92 တလီတာ ကျပ် ၂၂ ၀၀၊ 95 တလီတာ ကျပ် ၂၃၀၀ ပေါက်ဈေးနှုန်းနဲ့ ရောင်းချနေကြပေမယ့် အကန့်အသတ်နဲ့ဝယ်ယူရတာ၊ အချိန်ကြာမြင့်စွာ တန်းစီပြီးဝယ်ယူရတာကြောင့် ပြင်ပလမ်းဘေးဆိုင်တွေမှာ ဓာတ်ဆီ ၁ လီတာ ကျပ် ၃၀၀၀ ကျော်ပေးပြီးဝယ်ယူခဲ့ရတယ်လို့ မန္တလေး၊စစ်တွေေဒသခံတွေက ဧရာ၀တီကိုဖြေကြားထားကြပါတယ်။