နိုင်အတွင်း အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေး ချို့တဲ့မှုဖြစ်နေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဆေးကုသမှုခံယူဖို့ လျစ်လျူရှုခံနေရတယ်လို့ ဗကသ အဖွဲ့ဝင်တွေက ဧရာဝတီကို ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသား/ပြည်သူတွေဟာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ အင်းစိန်ထောင် အပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲမှာ မတရား အကျဉ်းချခံထားရပြီး ဆေးကုသခံယူခွင့်ပါ ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်လို့ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို အကျဉ်းထောင်တွေထဲမှာ ရာဇဝတ် အကျဉ်းသားတွေလောက်တောင် ဂရုမစိုက်ဘဲ အငြိုးအတေးနဲ့ နှိပ်ကွပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။