ပြည်တွင်းစစ် ဘေးဒဏ်ခံ ဒုက္ခသည်တွေကို NUG အစိုးရ ဘယ်လိုကူညီနေလဲ ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးဝင်းမြတ်အေးက ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ရှင်းလင်းပြောပြခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေကို တောင်းပန်သွားပါတယ်။
ဒေါက်တာဝင်းမြတ်အေးဟာ ကလေးအထူးကုဆရာဝန်တဦး ဖြစ်ပြီး ဆေးတက္ကသိုလ် (မကွေး) ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။။ ၂၀၁၆ မတ်လ ၂၂ ရက်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သဘာဝဘေးကယ်ဆယ်ရေး ရဟတ်ယာဉ်တစီးဝယ်ယူခဲ့တာနဲ့ ငှားရမ်းအသုံးပြုခဲ့တာတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။