အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်း ထွန်းက အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ မီဒီယာတွေ ကို မသန်စွမ်းတွေနဲ့ ခိုင်းနှိုင်းပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ စကား လုံးတွေနဲ့ ဝေဖန် ပုတ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၇ ရက်က နေပြည်တော်မှာ ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို အနာကြီးရောဂါ ဝေဒနာရှင်တွေကို နှိမ်ချသုံးနှုန်းတဲ့ အသုံးအနှုန်းတွေနဲ့ နှိုင်းယှဉ်ပြီး ယုတ်ရင့်ကြမ်းတမ်းစွာ တိုက်ခိုက်ပြောဆိုသွားပါတယ်။
ဒီလို သုံးနှုန်းမှုဟာ NUG အစိုးရနဲ့ ထောက်ခံသူတွေကို တိုက်ခိုက်တာထက် အနာကြီး ရောဂါ ဝေဒနာရှင်တွေကိုပါ စစ်ကောင်စီက ဆိုးဆိုးရွားရွား နှိမ်ချ ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ မသန်စွမ်းအရေးဆောင်ရွက်သူတွေက ပြောဆိုလာပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပုတ်ခတ်ပြောကြားမှုနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို တုန့်ပြန်ထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup