ကချင်ပြည်နယ် မြစ်ကြီးနား၊ တနိုင်း၊ ဟူးကောင်းနဲ့ ရှင်ဗွေယန် ခရိုင်တွေအတွင်း မြို့နယ်၊ ကျေးလက် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က မေလ ၁၄ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားကို ရပ်တန့်စေချင်လို့ အခုလိုစာထုတ်တာဖြစ်ပြီး KIO ခရိုင်အဆင့် အနေနဲ့ အုပ်ချုပ်ရေးကို အစားထိုးဖို့ ပြင်ဆင်ပြီးမှသာ စာထုတ်တာဖြစ်မယ်လို့ ဗိုလ်မှုးကြီးနော်ဘူက ဆိုပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup