စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ကျေးရွာတွေကို မီးရိူ့နေတဲ့အတွက် ဒေသခံတွေမိုးထဲရေထဲ စစ်ပြေးနေရပါတယ်။
ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲကကျေးရွာ ၂၀ နီးပါးကို စစ်ကောင်စီတပ်သားတွေက မီးရိူ့နေတာကြောင့် မေလ ၂၅ ရက်နေ့ကစပြီး ဒေသခံ ၁ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသသတင်း ရင်းမြစ်တွေဆီကသိရပါတယ်။