အာဏာသိမ်း စစ်ကောင်စီကို အတူတကွ တိုက်ရန်ဟုဆိုကာ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) မှ ဗိုလ်မှူး စလုံး ဦးဆောင်သည့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်သည် လက်နက်ပစ္စည်း အပြည့်အစုံဖြင့် ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံ ဧပြီလ ၂၅ ရက်တွင် ပူးပေါင်းလာသည်။
DKBA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကိုလက်မှတ်ထိုးထားသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး DKBA ခေါင်းဆောင်များသည် အာဏာသိမ်းစစ်ကောင်စီ ဖိတ်သည့် ငြိမ်းချမ်းရေးဆွေးပွဲကို သွားရန် ပြင်ဆင်နေသည်။
DKBA ထဲမှ တပ်မှူးအချို့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်လိုကြသော်လည်း DKBA စစ်ဌာနချုပ်ကမူ တိုက်ခိုက်ခွင့် မပြုဘဲ အမိန့်မနာခံသည့် တပ်မှူးများကို ရာထူးက ထုတ်ပယ်ခဲ့သည်။
ထိုကဲ့သို့ စစ်ကောင်စီနှင့် နီးစပ်သည့် DKBA အဖွဲ့မှ ခွဲထွက်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNDO နှင့် ပူးပေါင်းလာသည့် ဗိုလ်မှူးစလုံးအား ၎င်းခွဲထွက်ခဲ့ရသည့် အကြောင်းအရင်းအပါအဝင် ရှေ့ဆက်လုပ်ဆောင်သွားမည့် ကိစ္စများအား ပိုမိုသိရှိနိုင်ရန် ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
x