အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့အခြေစိုက် လူထုရေးရာ မူဝါဒဆိုင်ရာ သုတေသနအဖွဲ့အစည်းဖြစ်သော The Woodrow Wilson International Center for Scholars တွင် သွားရောက် သုတေသနလုပ်နေသည့် ကိုရဲမျိုးဟိန်းက One Year On: The Momentum of Myanmar’s Armed Rebellion မြန်မာ့လက်နက်ကိုင် ပုန်ကန်မှု၏ အရှိန်အဟုန် တနှစ်ကျော် ဟု အမည်ပေးထားသည့် သုတေသနအစီရင်ခံစာတစောင်ကို မကြာသေးခင်က ရေးသားပြုစုထုတ်ဝေ ဖြန့်ချိခဲ့သည်။
အစီရင်ခံစာနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းထားချက် အပိုင်း ၂ ဖြစ်သည်။ကိုရဲမျိုးဟိန်းသည် တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။
ယခင်အပတ်က ဖော်ပြခဲ့သည့် အပိုင်း ၁ တွင် အညာစစ်မျက်နှာပြင်က လက်နက်ကိုင် နွေဦးတော်လှန်ရေးမှာ ဘာကြောင့် အရေးပါပုံအား ကိုရဲမျိုးဟိန်းက ရှင်းပြပြောကြားခဲ့ပြီး ယခု အပိုင်း ၂ တွင် မြန်မာ့လက်နက်ကိုင်အုံကြွမှု နောက်တဆင့်တက်ရန် အမိန့်ပေးမှုစနစ်က အရေးကြီးပုံကို ဆွေးနွေးပြောဆိုထားသည်။