ပြည်သူရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ တပ်မတော် ”ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အခုအချိန်မှာ ကမ္ဘာပေါ် မှာ ဂုဏ်သိက္ခာ အကင်းမဲ့ဆုံး လက် နက်ကိုင် အဖွဲ့အစည်းတခု အဖြစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တွေဟာ တပ်မတော်ဟာ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ ရန်စွယ်တွေကို ခုခံကာကွယ် ပေးနေတဲ့ မျိုးချစ်တပ်မတော်သား၊ အာဇာနည်များသဖွယ် အော်ခြေအရာရှိ၊ ရဲဘော်တွေကို အမွှန်းတင် ဝါဒဖြန့်သိမ်းသွင်း ပြောဆိုလေ့ ရှိပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အောက်ခြေ၊ အရာရှိ စစ်သည်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာ စစ်တပ် ဌာနချုပ်၊ တပ်စခန်း နေရာတိုင်းမှာ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” “ တပ်မတော် အင်အားရှိမှ တိုင်း ပြည် အင်အားရှိမည်” “တပ်နဲ့ ပြည်သူ မြဲကြည်ဖြူ သွေးခွဲလာသူ တို့ရန်သူ” စတဲ့ ဆိုင်းဘုတ်ကြီးတွေကို စိုက်ထူပြီး၊ ဝါဒဖြန့် သိမ်းသွင်းကြပါတယ်။
သို့သော် လက်ရှိ မြန်မာစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေအဆင့် အရာရှိ၊ စစ်သည်တွေထဲမှာ စာပေဗဟုသုတ နည်းပါးပြီး၊ အလုပ်အကိုင်မရှိတဲ့ အိမ်ခြေရာမဲ့တွေ ပါဝင်သလို၊ စစ်တပ်ထဲကို မဝင်ရောက်ခင်က ရာဇဝတ်မှု ကျူးလွန်ထားသူ တွေကိုလည်း တပ်သားသစ် အနေနဲ့ နှစ်ပေါင်းများစွာ လက်ခံထည့်သွင်းစေခဲ့တယ်လို့ CDM ဗိုလ်ကြီးတွေက ပြောဆိုကြပါ တယ်။