၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် တို့်အပါအဝင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို အာဏာသိမ်း စစ်ကောင်စီက ကွပ်မျက်လိုက်မှုနှင့် ပတ်သက်ပြီး နိုင်ငံအချို့တွင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ ၄ ဦးအား ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဝါဒဖြန့်သတင်းစာများမှတဆင့် ကြေညာလိုက်သည့် နေ့မှာပင် ရန်ကုန်မြို့ပေါ်ရှိလူငယ်များက လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို ယနေ့တွင် ထိုင်း၊ အမေရိကန်၊ ဂျပန်နှင့် အင်္ဂလန်တို့တွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းဆန္ဒပြပွဲများတွင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ကွပ်မျက်သည့် လုပ်ရပ်အပေါ် ရှုတ်ချကြပြီး အာဏာသိမ်း ခေါင်းဆောင်နှင့် အပေါင်းအပါများကို ကျိန်စာတိုက်မှုများ၊ စစ်အာဏာရှင် ပြုတ်ကျရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup