မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်ရောဂါပိုးမျိုးကွဲ (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး အုပ်စုဝင် BA.4၊ BA.5 ရောဂါပိုးအမျိုးအစားကူးစက်ခံရမှု မြင့်တက်လာတာကို တွေ့ရပါတယ်။
အဲဒီ ရောဂါပိုးဟာ ကူးစက်မှုနှုန်း မြန်ဆန်ပေမယ့်၊ ရောဂါပိုး ပြင်းထန်မှုကတော့ အားနည်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေး အပြည့်အဝ မထိုးနှံထားသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ၊ နာတာရှည်ရောဂါ ခံစားရသူတွေ အတွက်တော့ ရောဂါပိုးကို ခံနိုင်ရည်မရှိလို့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး အုပ်စုဝင် BA.4၊ BA.5 ရောဂါပိုးအမျိုးအစားနဲ့ ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာန အထူးအတိုင်ပင်ခံ၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။