ထိုင်း – မြန်မာ ငွေကြေးလဲလှယ်အသုံးပြုနေသူတွေကြား မြန်မာငွေကြေး တန်ဖိုး ကျဆင်းလာပြီး၊ ငွေကြေးဖောင်းပွမှုတွေကြောင့် မြန်မာ ကျပ်ငွေကနေ ထိုင်း ဘတ်ငွေ လဲလှယ်ကိုင်ဆောင်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခု ဧရာဝတီက သတင်းရေးသားနေတဲ့အချိန်ထိ ထိုင်းဘတ်ငွေ ၉၅၀ ဘတ်ဟာ မြန်မာကျပ်ငွေ တသိန်း နဲ့ ညီမျှတဲ့အထိ ငွေကြေးတန်ဖိုး ဖောင်းပွလာပြီး၊ နာရီပိုင်းအတွင်း ကျဆင်းလာတဲ့အတွက် မြန်မာကျပ်ငွေတွေဟာ စက္ကူသာသာ လေထဲမှာတင် ပျောက်ဆုံးနေပြီလို့ ငွေကြေးကိုင်ဆောင်သူတွေက ပြောပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းအထိ အပိတ်ဈေးတွေကတော့ ရွှေဈေးဟာ သုံးဆယ့်တစ်သိန်းအထိ မြင့်တက်ခဲ့ပြီး ၊ ဒေါ်လာဈေးကတော့ ပြင်ပပေါက်ဈေး ၃ ထောင်ကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။