အာဏာသိမ်း စစ်ခေါင်းဆောင်က ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အရေးနိမ်ခဲ့တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ စစ်ဆင်ရေး တာဝန်ယူရတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။
စစ်တိုင်းမှူး အသစ်က အခုရက်ပိုင်းအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းက မြ၀တီ၊ ကော့ကရိတ်၊ ဝေါ်လေဒေသတွေမှာ စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်တိုင်းမှူးအသစ်ရဲ့ ထိုးစစ်ဟာ သုံးထပ်ကွေ့ ဒေသတဝိုက်မှာ ရပ်တန့်နေတယ်လို့ မြေပြင်တပ်မှူးတွေက ပြောကြားထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
—