စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာ ၁၉ လ ကြာမြင့်ခဲ့ပါပြီ။ တိုက်ပွဲကြာမြင့်လာတဲ့နဲ့အမျှ တိုက်ပွဲအရှိန် ပြင်းထန်လာသလို ရင်းနှီးမှုတွေကလည်း များပြားလာခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကတော့ တိုက်ပွဲကို နည်းပညာတွေအသုံးပြုပြီး ပြောင်းလဲ ပုံဖော်လာခဲ့ကြပါတယ်။
အခုချိန်မှာတော့ မြေပြင်က တိုက်ပွဲဝင်နေတဲ့ Drone Squad တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ထိထိရောက်ရောက် တပ်ဆင်နိုင်ဖို့ “Project Skywalk” ကမ်ပိန်းလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ Force For Federal Democray – FFD အဖွဲ့ရဲ့ ဒုဥက္ကဌ ဒေါက်တာ အောင်အောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။