စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်း တကျောင်းကို စစ်ကောင်စီ တပ်တွေရဲ့ တိုက် ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ကြောင်း UNICEF မြန်မာရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။
လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း အကြမ်းဖက်ခံရမှု ဖြစ်စဉ်မှာတော့ မူလတန်းအရွယ် ကျောင်း သား ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒါဏ်ရာရသူ ကျောင်းသား ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ Unicef က ထုတ်ပြန်ထားပါတယ်။
စစ်သားနဲ့ ရဲတွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့က နေအိမ်အ တွင်းထိ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် အ ပါအဝင် မတ် ၂၇ ရက်မှာ မရမ်းကုန်းမြို့နယ်အတွင်းက အသက် ၁ နှစ်အရွယ် ကလေးတဦးရဲ့ မျက်လုံးကို ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ မိတ္ထီလာမြို့ ဒဟတ်တန်းမှာ သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ မပန်းအိ ဖြူ၊ ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်က အသက် ၁၂ နှစ်အရွယ် မောင်ထူးမြတ်ဝင်း၊ မင်္ဂလာတောင်ညွန့်မြို့ နယ် မီးရထားအိမ်ရာဝင်းထဲက အသက် ၁၃ နှစ်အရွယ် မောင်စိုင်းဝေယံ အပါအဝင် တနိုင်ငံလုံးမှာ စစ်တပ် နဲ့ ရဲတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးသူငယ်ပေါင်း ၁၀၀ နီးပါးခန့် သေဆုံးခဲ့တာကို မြေပြင်သ တင်းအချက်အလက်တွေအရ သိရပါတယ်။