အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ New York Fashion Week 2022 ပြပွဲမှာ မြန်မာဖက်ရှင်ဒီဇိုင်နာ မအင်ကြင်းစံက မြန်မာရိုးရာချိတ်တွေနဲ့ ဒီဇိုင်းဖန်တီးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ပါတယ်။
ဒီလိုပြုလုပ်ခဲ့တာကြောင့် ပြည်တွင်းပြည်ပမှာ ဘယ်လိုရိုက်ခတ်မှုတွေရှိခဲ့လဲ၊ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြား ဘယ်လိုတုံ့ပြန်မှုတွေရှိခဲ့လဲ၊ မြန်မာရိုးရာချိတ်တွေကို အသုံးပြုပြီး ဒီဇိုင်းဖန်တီးခဲ့တဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်က ဘာတွေလဲဆိုတာကို ဧရာ၀တီက ဖက်ရှင်ဒီဇိုင်နာ မအင်ကြင်းစံကို ဆက်သွယ်မေးမြန်းထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup