ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး ငါးနှစ်အတွင်းမှာပဲ သူ့ရဲ့သားနဲ့ သမီးဟာ မြန်မာပြည်ရဲ့ ထိပ်တန်းခရိုနီ ဖြစ်လာပါတယ်။
“အခုအခါမှာ ဘာစီမံကိန်း၊ ဘာလုပ်ပိုင်ခွင့်ပဲ ရရ သားမဟုတ်ရင် သမီးပဲ” လို့ စစ်အာဏာ သိမ်းပြီးနောက် စစ်ခေါင်းဆောင် မိသားစုရဲ့ စီးပွားရေး ချဲ့ထွင် လုပ်ဆောင်လာမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က စီးပွာရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။