စစ်တပ်က တိုင်းပြည်အာဏာ အဓမ္မသိမ်းယူလိုက်တဲ့အချိန် ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လမ်းကို ရွေးချယ်ခဲ့ကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ၎င်းတို့ကို သစ္စာမခံတဲ့ CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာ၊ အိမ်တွေကို ချိတ်ပိတ်တာ ပိုင်ဆိုင်မှုတွေသိမ်းဆည်တာတွေလုပ်ပြီး ဖိအားပေးခဲ့ပေမယ့် CDM ဝန်ထမ်းတွေက စွန့်လွှတ်ကျော်ဖြတ်ခဲ့ကြပါတယ်။
CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေလည်း ရှိပါတယ်။
အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ လွတ်မြောက်နယ်မြေတွေမှာ စားဝတ်နေရေး၊ မိသားစု ပညာရေး၊ ကျန်းမာရေး၊ အခက်အခဲတွေ ကြုံတွေ့နေကြရပေမယ့် ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး တော်လှန်ရေး အောင်မြင်တဲ့ အထိ ခရောင်းလမ်းတွေကို ဖြတ်ကျော်ကြမယ်လို့ ဆိုကြပါတယ်။