ပြီးခဲ့တဲ့ ရက်ပိုင်းက မြ၀တီ ကုန်သွယ်ရေး အာရှလမ်းပိုင်း ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွေကြောင့် မြ၀တီ ကုန်သွယ်ရေး အာရှလမ်းမကြီးမှာ ဖြတ်သန်းသွားလာသူတွေ အနေနဲ့ သတိထားကြဖို့ ကရင်အမျိုးသား အစည်းအရုံး(KNU) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ ခြေလျင်တပ် ရင်း(ခလရ ၉၇) တို့ဟာ အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် မြ၀တီကုန် သွယ်ရေး အာရှလမ်းမကြီးကို ၂ ရက်ခန့် ဖြတ်သန်းခွင့် ပိတ်ထားခဲ့တာပါ။