လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကတိကဝတ်တွေကို လိုက်နာအကောင်အထည် ဖော်ဆောင်မှု မရှိတဲ့ စစ်ကောင်စီမှာသာ တာဝန်ရှိတယ်လို့ အာဆီယံထိပ်သီး အစည်းအဝေးက နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံ နိုင်ငံတွေ အနေ နဲ့ အဖွဲ့အစည်းအတွင်း စည်းလုံးမှု၊ ညီညွတ်မှုနဲ့ ဗဟိုပြုမှုကို အာရုံစိုက်ကြဖို့ ပြောဆိုခဲ့ပေမယ့်၊ ၂၀၂၃ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ စစ်ကောင်စီကို ထိပ်သီးအစည်းအဝေး အပါအဝင် အသင်းအဖွဲ့ အစည်းအဝေးတွေမှာပါ တက်ရောက်ခွင့် ပိတ်ပင်ဖို့ အဆိုပြုခဲ့ပါတယ်။
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အဆိုကို သဘောတူကြောင်း ထောက်ခံခဲ့တယ်လို့ သိရပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးကို လက်ရှိ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးအပြီး ၂၀၂၃ နှစ်ဆန်း ပိုင်းမှာ လွှဲပြောင်းပေးရမှာဖြစ်ပြီး၊ ဥက္ကဌ သက်တမ်းကို တနှစ် သတ်မှတ်ထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup